အရိုးသားဆုံးလူဟာ အသက်ဝင်ဆုံးသူ

အရိုးသားဆုံးလူဟာ အသက်ဝင်ဆုံးသူ

          ရိုးသားမှုရှိမှလည်း ဘဝရှိတယ်လို့ ဆိုနိုင်တယ်။ လိမ်ညာမှုတွေ လှည့်စားမှုတွေနဲ့ နေသွား နေတဲ့သူမှာ စစ်မှန်တဲ့ဘဝ မရှိဘူး။ ဘဝအတု ဆက်ဆံရေးအတု တွေပဲ ရှိတယ်။ ဘဝအစစ် မရှိတဲ့ အတွက် ဘဝသေနေသူလို့ ဆိုနိုင်တယ်။ ဒါကြောင့် ရိုးသားမှု မရှိတဲ့သူဟာလည်း ဘဝသေနေတဲ့သူ ဖြစ်တယ်။

Without honesty there is no real growth.

ရိုးသားမှုမရှိရင် စစ်မှန်တဲ့စိတ်ဓာတ်နဲ့ အသိ ဉာဏ် ဖွံ့ဖြိုးမှုမရှိဘူး။

Without honesty there is no real life.

ရိုးသားမှုမရှိရင် စစ်မှန်တဲ့ဘဝ မရှိဘူး။

Without honesty there is no real freedom.

ရိုးသားမှုမရှိရင် စစ်မှန်တဲ့လွတ်လပ်မှု မရှိဘူး။

Without honesty nothing is real.

ရိုးသားမှုမရှိရင် ဘယ်ဟာမှ အစစ် အမှန် မဟုတ်ဘူး။

Without honesty nothing is.

ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး။

          ဒါကြောင့် ရိုးသားမှုမရှိတဲ့သူဟာ အသက်ရှင်လျှက် ဘဝသေနေတဲ့သူပဲ ဖြစ်တယ်။ လိမ်လည်မှု၊ လှည့်စားမှု တွေဟာ အကျဉ်းထောင်နဲ့တူတယ်။ ကိုယ့်ရဲ့လှည့်စားမှုတွေက ကိုယ့်ကို ထောင်ချ ထားတယ်။ အဲ့ဒီထောင်ထဲမှာ ကြာကြာနေလေ ကိုယ့်စိတ်ရဲ့ ကျန်းမာရေးဟာ ဆုတ်ယုတ်သွားလေပဲ။ မြန်မြန်လွတ်အောင် လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ကြာရင် ဘဝသေသွားမယ်။

တချို့လူတွေဟာ ဘဝသေနေတဲ့ ဒုက္ခကို ခံစားနေရတယ်။ လိမ်လည်လှည့်စားမှုတွေနဲ့ နေတဲ့သူတွေဟာ အသက်ရှုမဝတဲ့ ရောဂါဖြစ်တယ်။ ဟန်ဆောင်မှုဟာ အင်မတန်ကြီးမားတဲ့ ဒုက္ခကို ဖြစ်စေတယ်။ မဟုတ်တာကို အဟုတ်ထင်အောင် လုပ်ပြရတာ၊ နေပြရတာ၊ အထင်သေးမှာကြောက်လို့ အထင်ကြီးအောင် ပြောနေရတာ။ မလုပ်သင့်တာတွေကိုလုပ်ပြီး လူမသိအောင် ဖုံးရတာ အင်မတန် ဒုက္ခ ကြီးပါတယ်။ လိမ်လည်မှုဟာ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုကို ဖြစ်စေတယ်။

An honest person is free.

ရိုးသားတဲ့သူဟာ လွတ်လပ်နေတယ်။

The person who learns to tell the truth is the most free, most alive.

မှန်တာကို ပြောတတ်တဲ့သူဟာ အလွတ်လပ်ဆုံးလူ ဖြစ်တယ်။ အသက်ဝင်ဆုံးလူ ဖြစ်တယ်။