တေသကုနဇာတ်တော်မှာ လာတဲ့စကာနဲ့ပြောရရင်လူတွေမှာစွမ်းအားငါးမျိုး၊ ခွန်အားငါးမျိုးရှိတယ်
နံပါတ်တစ် ကဘာတုံးဆိုလို့ရှိရင် ဘာဟုဗလ လက်ရုံးအား ကိုယ့်လက်ရုံးကိုယ်အားကိုးတဲ့ လက်ရုံးအား၊ ကိုယ်လုပ်နိုင်တယ် ကိုင်နိုင်တယ် နော်. လက်ရုံးစွမ်းအား ရှေးတုန်းက မြန်မာ့သူရဲကောင်းကြီးတွေဟာ လက်ရုံးအားကိုးနဲ့ တိုက်ပွဲဝင်ပြီးတော့ ရန်သူတွေကိုတွန်းလှန်ခဲ့တယ်ပေါ့. လက်ရုံးအားကိုးနဲ့ ကိုယ် ကိုယ်ကိုယ်တိုင် လုပ်ကိုင်စားသောက်ခဲ့ကြတာတွေလည်းရှိတယ်ပေါ့။ သို့သော် စွမ်းအားတွေထဲမှာ ဒီလက်ရုံးအားဆိုတာအသေးဆုံးစွမ်းအားတစ်ခုပါတဲ့ အလွန်အားကိုးရမယ့် အနေအထားမျိုးမရှိဘူးလို့ ဒီလိုဆိုလိုတာနော်
နောက်တစ်ခု အဲ့အင်အားတစ်ခုက ဘာလဲလို့ဆိုရင်..ဘောဂဗလ စည်းစိမ်ဥစ္စာ စည်းစိမ်ဥစ္စာဟာလည်းပဲ စွမ်းအားရှိတယ်။ ကိုယ့်မှာဓနငွေကြေး အလုံလောက်ရှိတဲ့ပုဂ္ဂိုလ်ဟာ စွမ်းအားတွေပြည့်တယ်. ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ်ကျော်လွှားသွားနိုင်တဲ့ စွမ်းအားတွေရတယ်. ဒါကလက်တွေ့
လောကကြီးမှာဓနငွေကြေး တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာ အခက်အခဲဆိုတာတွေကို ကျော်လွှားနိုင်ကြတယ်ပေါ့။ သို့သော် ဒီဘောဂဗလလို့ဆိုတဲ့ ဒီစွမ်းအားဟာလည်းပဲ နေရာတကာမှာ အားကိုးလို့ရတဲ့အရာ မဟုတ်သည့်အတွက်ကြောင့် အားကိုးလောက်တယ်လို့ ပြောလို့တော့မဖြစ်သေးဘူးပေါ့. တချို့ကိစ္စမှာသာ အားကိုးလို့ရတယ် တချို့ကိစ္စမှာ အားကိုးလို့မရဘူးလို့ ဒီလိုဆိုတာ
ဟော နောက်တစ်ခုကဘာတုံးဆိုလို့ရှိရင် လူတွေမှာရနိုင်တဲ့စွမ်းအားတစ်ခုက အမစ္စဗလ လုပ်ဖော်ကိုင်ဖက်တွေရဲ့စွမ်းအား လူဆိုတာအပေါင်းအသင်းနဲ့ နေကြတာဖြစ်သောကြောင့် အပေါင်းအသင်း မိတ်ဆွေကောင်းတွေရှိတဲ့ပုဂ္ဂိုလ်ဟာလည်း အခက်အခဲမှန်သမျှကို ကျော်လွှားသွားနိုင်တယ်။ အခက်အခဲတွေကိုကျော်လွှားနိုင်တယ်. အဲ့ဒီကျော်လွှားနိုင်သွားတဲ့ ဒီစွမ်းအားဟာ ဘာစွမ်းအားတုံးဆို အမစ္စဗလ နော်။ ကိုယ်တိုင်ပင်ပေါ်တိုင်ပင်ဖက် ဆိုးတူကောင်းပတ်ဆိုတာလို မိတ်ဆွေအပေါင်းအသင်းတွေ ရှိလို့ရှိရင်လည်း အတော်အသင့် အခက်အခဲတွေကိုကျော်လွှားနိုင်လို့။ ဒါလည်းပဲလူတွေမှာ ရရှိနိုင်တဲ့စွမ်းအားတစ်ခုပဲလို့ ဒီလိုဆိုတာ။ အဲ့ဒီစွမ်းအားဟာလည်း နေရာတကာမှာအားကိုးရနိုင်တဲ့ စွမ်းအားမဟုတ်ဘူး။
ဪ နောက်စွမ်းအားတစ်ခုကဘာတုံးဆိုတော့ အဘိစစ်စဗလတဲ့ အဘိစစ်စဆိုတာ လူတွေမှာမျိုးရိုး အထက်တန်းကျတယ် လူတကာကလေးစားရတဲ့ အမျိုးရိုးမှာဖြစ်လို့ရှိရင်လည်း အမျိုးဂုဏ်နဲ့ နော် အခက်အခဲတစ်ခုအချို့ကို ကျော်လွှားပြီးတော့သွားနိုင်တယ်. အဲ့ဒီလိုကျော်လွှားသွားနိုင်တာဖြစ်သောကြောင့် အဲ့ဒီစွမ်းအားဟာလည်းပဲ လူတွေမှာ အောင်မြင်ကြီးပွားဖို့အတွက် အထောက်အကူတစ်ခုတော့ဖြစ်တယ်။ သို့သော် အတိုင်းအတာတစ်ခုပဲရှိတယ်လို့ ဒီလိုပြောရ။ အခုပြောခဲ့တဲ့.. လူတွေရဲ့စွမ်းအားဟာ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တာတွေမဟုတ်ဘူး အတိုင်းအတာတစ်ခုအရတော့ စွမ်းအား သူ့ဟာသူရှိကြတာချည်းပဲလို့ ဒီလိုပြောတာ.
အဲ့တော့အရေးကြီးဆုံး စွမ်းအားတစ်ခုကဘာတုံးဆိုရင်ပညာဗလတဲ့နော် လူတွေမှာအရေးကြီးဆုံးစွမ်းအား အမြင့်ဆုံးဟာဘာတုံးဆိုရင် အသိဉာဏ်ပဲလို့ဒီလိုပြောတာ။ အဲ့ဒီအသိဉာဏ်ကျတော့ မဖြစ်နိုင်တာတွေမရှိတော့ဘူး အားလုံးကို ခက်ခဲမှန်သမျှတွေကျော်လွှားပြီး နောက်ဆုံးမှာ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုဖို့ဆိုတာလည်း ဒီပညာဗလနဲ့သွားတာ. အဲ့တော့ပညာဗလက သာမန်စီးပွားဥစ္စာ တိုးတက်ရုံမျှမက သံသရာထဲမှာ ဘဝကောင်းမြတ်တဲ့ ဘဝတစ်ခုက၊ ချမ်းသာတဲ့ဘဝတစ်ခုက ချမ်းသာတဲ့ဘဝတစ်ခုကို ရောက်ရှိပြီး နောက်ဆုံးမှာ သံသရာဝဋ်ဆင်းရဲကလွတ်ပြီးတော့ နိဗ္ဗာန်ရောက်သည့်ထိအောင် စွမ်းဆောင်မှုပေးနိုင်တဲ့ စွမ်းအားဟာတော့ပညာဗလပဲတဲ့. ပညာစွမ်းအားဟာ အကြီးမားဆုံးပဲလို့ ဒီလို တေတကုနဇာတ်မှာ လူတွေမှာရနိုင်တဲ့စွမ်းအားတွေ လူ့စွမ်းအားတွေ သရုပ်ဖော်ထားတာရှိတယ်.
အဲ့ဒီ့ထဲမယ် လူ့စွမ်းအားလို့ဆိုတဲ့အထဲမယ် ကျန်တဲ့စွမ်းအားတွေဟာ အထောက်အကူဖြစ်ရုံလောက်သာဖြစ်ပြီး ပညာဆိုတဲ့စွမ်းအားကသာလျှင် တကယ့်စွမ်းအားလို့ ဒီလိုပြောရမှာ.
